အကြောင်းအရာသို့ ကျော်သွားရန်

The Tribes of Israel အကြောင်း ကျမ်းစာအခန်းငယ်များ: Canaan divided amongst nine and a half of, by lot

5 အခန်းငယ် · 21 ရှုထောင့်

"The Tribes of Israel" ကို ရှာဖွေရန်

Canaan divided amongst nine and a half of, by lot အကြောင်း အခန်းငယ်များ

  1. ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ် တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။

  2. ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုး ကိုးမျိုးနှင့် တဝက် တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။

  3. မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တဝက်တို့အား၊ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေပေးနှင့် ပြီ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေမပေး။

  4. ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုးနှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊ သူတို့ တိရစ္ဆာန်နှင့် ဥစ္စာကို ထားစရာမြို့နယ်မှတပါး အခြား သောမြေကို မပေး။

  5. မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြု၍ မြေကို ဝေဖန်ကြ၏။