The Stars အကြောင်း ကျမ်းစာအခန်းငယ်များ: Created
Created အကြောင်း အခန်းငယ်များ
ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊
လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော် ၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကို၎င်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။