အကြောင်းအရာသို့ ကျော်သွားရန်

The Call of God အကြောင်း ကျမ်းစာအခန်းငယ်များ

47 အခန်းငယ် · 33 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။

  2. တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။

  3. သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။

  4. ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။

  5. ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။

  6. ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့် ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။

  7. အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။

  8. သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။

  9. ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊

  10. ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ် သက်ကြ၏။

  11. သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။

  12. မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ၍မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတပါး တည်းရှိတော်မူ၏။

  13. အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။

  14. ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊

  15. သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။

  16. အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နား မကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။

  17. ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း။

  18. ဒါဝိဒ်၏စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင် ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။

  19. သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း။

  20. ထို့ကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။

  21. ကောင်းကင်တမန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည် တည်၍ ပြစ်မှားလွန်ကျူးခြင်း အမှု အမျိုးမျိုးတို့သည် ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊

  22. အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။