အကြောင်းအရာသို့ ကျော်သွားရန်

The, Are Compared To Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

58 အခန်းငယ် · 55 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။

  2. ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို အသီးအခြားခွဲ၍၊

  3. မကောင်းသောအသီးကိုသီးသော အပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင်မဟုတ်။

  4. သူတို့မူကား၊ ဘမ်း၍ဖျက်ဆီးဘို့ရာ ဖန်ဆင်း သော တိရစ္ဆာန် သက်သက်ကဲ့သို့၊ မိမိတို့နားလည်သော အရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန် အစင် ပျပ်စီးခြင်းသို့ရောက်၍၊ မတရားသော အမှု၏ အပြစ်ကိုခံရကြလိမ့်မည်။

  5. ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏။

  6. ခွေးသည်မိမိဘန်ဖတ်ကိုပြန်၍စား၏။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။

  7. မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုဃ်းတိမ်ကဲ့သို့၎င်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ် သေ၍ နှုတ်ပစ်သော သစ်ပင်ကဲ့သို့၎င်း၊

  8. မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။