အကြောင်းအရာသို့ ကျော်သွားရန်

The Altar of Burnt Offering အကြောင်း ကျမ်းစာအခန်းငယ်များ

150 အခန်းငယ် · 30 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း

  2. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  3. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  4. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊

  5. ဒသမနေ့၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား၊

  6. အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။

  7. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  8. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  9. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  10. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။

  11. ဧကာဒသမနေ့၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား။

  12. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။

  13. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  14. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  15. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  16. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ၏။

  17. ဒွါဒသမနေ့၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသားအဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား၊

  18. အကျပ်တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။

  19. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  20. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊ အခါမလည်သော သိုးသငယ်တကောင်၊

  21. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  22. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ၏။

  23. ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သော သူတို့ သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်း တည်း။

  24. ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။

  25. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ်စင်း အချိန်ကား၊ အကျပ်တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသ တည်း။