Skip to content

Tears အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။

  2. အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ။ အကျွန်ုပ်အောဟစ်သော အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့၊ အကျွန်ုပ်သည် ရှေ့တော်၌ဧည့်သည် အာဂန္တုဖြစ်၏။

  3. သူတပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညဉ့်မပြတ် ငါစားစရာဖြစ်ရ၏။

  4. အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်း အရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ ရှိပါသည် မဟုတ်လော။

  5. သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည် ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။

  6. ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့် ၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာ စောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက် တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော် မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။

  7. တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊

  8. သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တဆယ် ငါးနှစ်ကို ငါဆက်၍ ပေးမည်။

  9. အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍ ၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ၏။

  10. ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။