Skip to content

Sun အကြောင်း ကျမ်းစာအခန်းငယ်များ

32 အခန်းငယ် · 8 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။

  2. မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ၏။

  3. ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊

  4. မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။

  5. ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊

  6. မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။

  7. နေ၊ လ၊ မိုဃ်းကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊

  8. အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။

  9. ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။

  10. ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ၊

  11. ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊

  12. ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏။

  13. သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။

  14. မိုဃ်းကောင်းကင် တစွနးမှထွက်လာ၍၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ။

  15. နေ့နှင့်ညဉ့်ကို ပိုင်တော်မူ၏။ နေမှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ။

  16. ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။

  17. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊

  18. နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။

  19. ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက် စေတော်မူသော အခါ၊ လ၏အလင်းသည် နေ ၏အ လင်းကဲ့သို့ ဖြစ်၍၊ နေ ၏အလင်းသည်လည်း ပကတိ ထက် ခုနစ်ဆလင်းလိမ့် မည်။

  20. နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသော အလင်းမဟုတ်၊ ညဉ့်အချိန်၌လည်း၊ လ အရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရား သခင်သည် သင်၏ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။

  21. နောက်တဖန် သင်၏နေသည်မဝင်ရ။ သင်၏ လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။

  22. ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။

  23. သားခုနစ်ယောက်ကို ဘွားမြင်သော မိန်းမ သည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန် မရောက်မှီ သူ၏နေဝင်လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေလျက်နေရ၏။ ကျန်ကြွင်းသော သူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ထား၌ ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  24. နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊

  25. သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။