Sorcery အကြောင်း ကျမ်းစာအခန်းငယ်များ: To cease
To cease အကြောင်း အခန်းငယ်များ
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက် ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့။
နောက်တဖန် ဣသရေလအမျိုး၌ အချည်းနှီး သောရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။
နောက်တဖန်သင်တို့သည် အချည်းနှီးသော အရာကိုမမြင်ရကြ။ ပရောဖက်ပြု၍မဟောရကြ။ ငါ၏ လူတို့ကိုသင်တို့လက်မှငါကယ်နှုတ်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။
သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။