Skip to content

Sin Offering အကြောင်း ကျမ်းစာအခန်းငယ်များ

61 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။

  2. ထာဝရဘုရားအဘို့ စာရေးတံကျသော ဆိတ်ကို ဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဘို့ ပူဇော်ရမည်။

  3. သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။

  4. သို့ဖြစ်၍ သင်တို့ရှေ့၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

  5. မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊

  6. ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင်၊

  7. အပြစ်ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ်တို့ကို လည်း ရှင်ဘုရင်ရှေ့၊ ပရိသတ်ရှေ့သို့ထုတ်၍၊ မိမိတို့ လက်ကိုတင်ပြီးမှ၊

  8. အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။

  9. အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။

  10. ထိုသို့နှင့်အညီ၊ ယေရှုသည်မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။

  11. သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြ ကုန်အံ့။