Sin Offering အကြောင်း ကျမ်းစာအခန်းငယ်များ: A young bullock for priests
A young bullock for priests အကြောင်း အခန်းငယ်များ
ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ -
အာရုန်အား၊ သင်သည် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။
အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ၏။
အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ် ဘို့ အသက်ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင် ပါရမည်။
အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။