Sin Offering အကြောင်း ကျမ်းစာအခန်းငယ်များ: At the consecration of priests
At the consecration of priests အကြောင်း အခန်းငယ်များ
ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏ သားတို့သည်၊ မိမိတို့ လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။
နွား၏အသား၊ အရေး၊ ချေးနုကိုကား၊ တပ်ပြင်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်၏
ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ၏။