Self-Will and Stubbornness အကြောင်း ကျမ်းစာအခန်းငယ်များ: Refusing to walk in the ways of God
Refusing to walk in the ways of God အကြောင်း အခန်းငယ်များ
သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။
ဘုရားသခင်၏ သစ္စာတော်ကို မစောင့်။ တရားတော်လမ်း၌ သွားခြင်းငှါ အလိုမရှိကြ။
လုယူရာဖြစ်စေခြင်းငှါ ယာကုပ်ကို၎င်း၊ ထားပြ တို့ လက်သို့ ဣသရေလကို၎င်း အဘယ်သူ အပ်သနည်း။ ငါတို့ ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူ သည်မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနား မှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ် နှလုံး သက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။