Skip to content

Sabeans အကြောင်း ကျမ်းစာအခန်းငယ်များ

5 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။

  2. အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။

  3. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ် မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ သည် သင့်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည် နှောင်လျက် လမ်း၌ ရှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။

  4. ပျော်မွေ့လျက် နေသောလူအလုံးအရင်း မြည်သံကိုလည်း ကြားရ၏။အခြားသောသူအများတို့နှင့် အတူ တောကလာ၍၊ လက်၌လက်ကောက်၊ ခေါင်း၌ တင့်တယ်သော သရဖူကို ဆောင်းသော သေသောက် ကြူးတို့လည်း ပါကြ၏။

  5. သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့၌ ငါရောင်း၍၊ သူတို့သည် တဖန်ဝေးသော အမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။