အကြောင်းအရာသို့ ကျော်သွားရန်

Rechab အကြောင်း ကျမ်းစာအခန်းငယ်များ: 1. Son of Rimmon. Murders Ish-Bosheth, son of Saul; put to death by David

8 အခန်းငယ် · 2 ရှုထောင့်

1. Son of Rimmon. Murders Ish-Bosheth, son of Saul; put to death by David အကြောင်း အခန်းငယ်များ

  1. ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့ သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။

  2. ထိုညီအစ်ကိုရေခပ်နှင့် ဗာနာတို့သည် စပါးကို ထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ ဝင်ပြီးလျှင်၊

  3. အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တညဉ့်လုံးလွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ ၏။

  4. ဣရှဗောရှက်၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု၏ သားဣရှဗောရှက်၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု၌၎င်း၊ သူ၏အမျိုးအနွယ်၌၎င်း၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊

  5. ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊

  6. အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက်၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍သတ်၏။

  7. ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကိုသူ၏ အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ၏ အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည်မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သားရေခပ်နှင့် ညီဗာနာအားဆိုပြီးလျှင်၊

  8. လုလင်တို့ကကိုမိန့်တော်မူ၍ ထိုသူနှစ်ယောက် ကိုက်သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန် ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အားဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။