Skip to content

Psaltery အကြောင်း ကျမ်းစာအခန်းငယ်များ

21 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။

  2. ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။

  3. ခွက်ကွင်းတီးသော အကြီးအကဲအာသပ်၊ သူ့ နောက်စောင်း တယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗ ဒေဒုံ၊ ယေလတစုနှင့်၊

  4. ထိုမှတပါးအာသပ်၊ ဟေမန်၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား၊

  5. ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရား သခင်၏ တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သားဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ်လေးယောက်နှင့် သမီးသုံး ယောက်တို့ကို ပေးတော်မူ၏။

  6. ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။

  7. ဒါဝိဒ်မင်းကြီးနှင့်သူ၏ပရောဖက်ဂဒ်၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း။

  8. ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသော အခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။

  9. စောင်းတီး၍ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်း ဆိုကြ လော့။

  10. အိုငါ့ဝိညာဉ်၊ နိုးလော့။ တယောနှင့်စောင့်တို့ နိုးကြလော့။ ငါလည်း စောစောနိုးမည်။

  11. သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။

  12. တုရိယာမျိုးကိုဆောင်ကြ။ ပတ်သာကို၎င်း၊ သာယာသော စောင်းနှင့်တယောကို၎င်း ယူခဲ့ကြ။

  13. စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကို တီးခတ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏။

  14. တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။

  15. အိုဘုရားသခင်၊ ရှေ့တော်၌ အသစ် သောသီချင်းကို ဆိုပါမည်။ ကြိုးဆယ်ပင်ရှိသော တုရိယာ နှင့်ထောမနာသီချင်းဆိုပါမည်။

  16. တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့။

  17. တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော အခါ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည်။

  18. ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုး မျိုးအပေါင်းတို့သည် ပြပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။

  19. တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော သူရှိသမျှတို့သည် ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ရကြမည်။

  20. ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့်တော်မူ၏။

  21. ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊