Skip to content

Or Copper Brass အကြောင်း ကျမ်းစာအခန်းငယ်များ

7 အခန်းငယ် · 43 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား၊

  2. ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲ အစရှိသော၊

  3. မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။

  4. ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။

  5. အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ၏။

  6. ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။

  7. ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ၏။