Skip to content

Oak Tree အကြောင်း ကျမ်းစာအခန်းငယ်များ

6 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက်၌ မြှုပ်ထားလေ၏။

  2. ရေဗက္က၏အထိန်း ဒေဗောရသေ၍၊ ဗေသလ အရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍ တွင်သတည်း။

  3. ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ ခေါင်းသည်သပိတ်ပင်၌ ငြိသဖြင့်၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလို အလျောက် သွားလေ၏။

  4. ယွာဘက၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ၏။

  5. ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို၎င်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို၎င်း လုပ်ကြပြီ။

  6. အာရဇ်ပင်အရပ်နှင့်အမျှ မြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား၍၊ အထက်၌ သူ၏အသီးကို၎င်း၊ အောက်၌ သူ၏အမြစ်ကို၎င်း ငါဖျက်ဆီးပြီ။