Skip to content

Nurse အကြောင်း ကျမ်းစာအခန်းငယ်များ

8 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက် ကြ၏။

  2. ရေဗက္က၏အထိန်း ဒေဗောရသေ၍၊ ဗေသလ အရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍ တွင်သတည်း။

  3. သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင်၏ သမီးတော်အား မေးလျှောက်၍၊

  4. နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။

  5. ရှောလု၏သား ယောနသန်၌ ခြေဆွံ့သော သားတယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသော အခါ၊ ယေဇရေလမြို့မှ ရှောလုနှင့်ယောန သန်တို့၏ သိတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ ပြေးစဉ် တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည် ကျ၍ ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။

  6. သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိ လက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။

  7. အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည်။

  8. သင်တို့တွင် ဖြည်းညှင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့၊