Murder အကြောင်း ကျမ်းစာအခန်းငယ်များ: Will avenge
Will avenge အကြောင်း အခန်းငယ်များ
တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အ ကြောင်းမူကား၊ ကိုယ်တော်၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူ တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ၏။
ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရ အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုးကို ငါသည် ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံ ကို ဆုံးစေမည်။