Skip to content

Matthew အကြောင်း ကျမ်းစာအခန်းငယ်များ

11 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ၌ ထိုင် နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။

  2. ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။

  3. ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ၊

  4. လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ၏။

  5. ထိုသူသည်လည်း ထ၍ နောက်တော်သို့လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်း တော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့လိုက်ကြ၏။

  6. အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊

  7. ထိုနောက်ကိုယ်တော်သည် ထကြွ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော ငါနောက်သို့လိုက်လော့ မိန့်တော်မူ၏။

  8. ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပြစ်လေရဲ့ ထ၍နောက်တော်သို့လိုက်လေ၏။

  9. ထိုနောက်မှလေဝိသည် ကိုယ်တော်အဘို့အလို့ငှါ မိမိအိမ်၌ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများ နှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။

  10. မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊

  11. ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ၏။