Marah အကြောင်း ကျမ်းစာအခန်းငယ်များ: The first station of the Israelites, where Moses made the bitter waters sweet.
The first station of the Israelites, where Moses made the bitter waters sweet. အကြောင်း အခန်းငယ်များ
ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှ ဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကို မတွေ့မရကြ။
မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း။
လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။
မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ၏။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင်၊ ရေသည် ချိုလေ၏။ ထိုအရပ်၌ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊
ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စားခန်းချကြ၏။
မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။