Mahanaim အကြောင်း ကျမ်းစာအခန်းငယ်များ: Ish-Bosheth establishes himself at, when made king over Israel
Ish-Bosheth establishes himself at, when made king over Israel အကြောင်း အခန်းငယ်များ
သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသားဣရှဗောရှက်ကိုယူ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင်၊
ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။
ရှောလု၏သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ် စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ၏။
ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း။
တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊