Justice အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။
လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။
ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။
သင်၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။
မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသော သူကို အပြစ်မလွှတ်။
သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။
ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။
နားပင်းသော သူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။
သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြား ခန့်ထားရမည်။ သူတို့ သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြ မည်။
သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏ စကားကို ကောက်စေတတ်၏။
သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အ ကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။
လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။
ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။
သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊
မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။
သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှ မရှိ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။
ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍ အိပ်မိသောကြောင့် သားငယ်သေပါ၏။
သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။
နံနက်အချိန်၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက် ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက်၏။
အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ် သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ်၏ဟုဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊
ရှင်ဘုရင်က၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား၊ သေသော သူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တယောက်ကထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ်၍၊
ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ၏။