Skip to content

Insanity အကြောင်း ကျမ်းစာအခန်းငယ်များ

8 အခန်းငယ် · 8 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။

  2. အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း။

  3. အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို၏။

  4. သင့်ကို လူစုထဲကနှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့ နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရား သည် လောကီနိုင်ငံကိုအုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မှီကာလ၊ ခုနစ်နှစ် ပတ်လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံ ဖြစ်လေ၏။

  5. ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်း ဖြစ်၍၊ လူစုထဲက နှင်ထုတ်ကြလျက်၊ သူသည်နွားကဲ့သို့ မြက်ကိုစား၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့၎င်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့၎င်းဖြစ်၏။

  6. ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။

  7. ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို၏။

  8. ပေါလုကလည်း၊ မြတ်တော်မူသောဖေတ္တမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သော စကားကို ပြောပါ၏။