Skip to content

Incest အကြောင်း ကျမ်းစာအခန်းငယ်များ

20 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။

  2. သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။

  3. ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။

  4. တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။

  5. ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။

  6. အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။

  7. သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊

  8. သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊

  9. အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊

  10. သား၏မယားတည်းဟူသော ချွေးမကို၎င်း၊

  11. ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။

  12. ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။

  13. ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။

  14. ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။

  15. ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။

  16. အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။

  17. အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။

  18. ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။

  19. အဘ၏ သမီး၊ အမိ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  20. မယား၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။