Families အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည် အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍၊ ယခုတွင် ခမည်းတော်၏ ဘုရားသခင်ကျွန်တို့၏ အပြစ်ကိုလွှတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက်ကြသောအခါ၊ ယောသပ်သည် မျက်ရည်ကျလေ၏။
အစ်ကိုတို့သည်လည်းဝင်၍ ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ကျွန် ဖြစ်ကြပါသည်ဟု လျှောက်ကြ၏။
ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင် ကိုယ်စားဖြစ်သလော။
သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏။
ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက်၊ သူတို့ကို နှစ်သိမ့် စေ၍ မေတ္တာစကားကို ပြောလေ၏။
သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည်။
ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တသက်လုံးမြင်ရလိမ့်မည်။
မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။
ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတယောက်သည် နာ လျက်နေလေ၏။
နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင် နှင့်သုတ်သော မာရိဖြစ်သတည်း။
ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက် နေပါသည်ဟုလျှောက်ကြ၏။
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှုသည် မာသကို၎င်း။ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။
ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊
ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။
ထိုညဉ့်၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလ တို့ကိုယူ၍ဒဏ်ချက်ရာများကို ဆေး ကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ခြင်းခံလေ၏။
တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။