Families အကြောင်း ကျမ်းစာအခန်းငယ်များ: Lazarus of Bethany
Lazarus of Bethany အကြောင်း အခန်းငယ်များ
ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတယောက်သည် နာ လျက်နေလေ၏။
နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင် နှင့်သုတ်သော မာရိဖြစ်သတည်း။
ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက် နေပါသည်ဟုလျှောက်ကြ၏။
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှုသည် မာသကို၎င်း။ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။