Families အကြောင်း ကျမ်းစာအခန်းငယ်များ: Of saints blessed
Of saints blessed အကြောင်း အခန်းငယ်များ
သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည်။
ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တသက်လုံးမြင်ရလိမ့်မည်။
မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။