Skip to content

Ecclesiasticism အကြောင်း ကျမ်းစာအခန်းငယ်များ

102 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။

  2. ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။

  3. ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။

  4. တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစား သည်ကိုမြင်လျှင် အပြစ်တင်ကြ၏။

  5. အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူ အပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။

  6. ဈေးမှ ပြန်လာသောအခါ၌လည်း ဆေးခြင်းမပြုဘဲစားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ကြေးဝါ ပုကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ ကျင့်လေ့ရှိ၏။

  7. ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်း ဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊

  8. ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကိုရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။

  9. လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။

  10. အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။

  11. သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။

  12. မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။

  13. သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏။

  14. ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊

  15. မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။

  16. ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြ လော့။

  17. လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ်၏။

  18. ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

  19. လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ ၏။

  20. ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော။ လူပြင်မှလာ၍ လူအတွင်း သို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။

  21. ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ် ညူးစေနိုင်သည်ကို နားမလည်ကြသလော။

  22. လူအတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏။

  23. လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း၊ လူအသက်ကို သတ်ခြင်း၊

  24. သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊

  25. ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။