Drought အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့၎င်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့၎င်း ဖြစ်လိမ့်မည်။
ထာဝရဘုရားသည် သင့်နေရာပြည်၌ ရွာသော မိုဃ်းရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည်။
မိုဃ်းပြတ်သောအမှုကို ရည်မှတ်၍၊ ယေရမိသို့ ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊
ယုဒပြည်သည် ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေ တိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက်လေ၏။
မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ် စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သော အခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက်ရှက်ကြောက်မှိုင် တွေကြ၏။
မိုဃ်းပြတ်၍ မြေအက်ကွဲသောကြောင့်၊ လယ် လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက် ကြ၏။
သမင်မသည် လယ်ပြင်၌ မွေးသောအခါ မြက် မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။
မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှုကြ၏။ မြက်မရှိသော ကြောင့်၊ သူတို့ မျက်စိပျက်လေ၏။