Skip to content

Creeping Things အကြောင်း ကျမ်းစာအခန်းငယ်များ

20 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။

  2. သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊-

  3. အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။

  4. အတောင်ရှိ၍ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။

  5. မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊-

  6. တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။

  7. သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

  8. ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွှေး၊ အိတ်အစရှိသော အသုံးအဆောင် တစုံ တခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင် မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက် စင်ကြယ်လိမ့်မည်။

  9. မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။

  10. ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌ သောက်စရာရေလည်း မစင်ကြယ်။

  11. အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင် ကြယ်ရာသို့ ရောက်၍ သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။

  12. သို့ရာတွင် ရေစုဝေးရာ စမ်းရေတွင်း၊ တူးသော ရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေ ကောင်ကို ထိမိသော အရာသာ မစင်ကြယ်ရာသို့ရောက်၏။

  13. ကြဲစရာ မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။

  14. ရေ၌စိမ်ထားပြီးသော မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌ မစင်ကြယ်။

  15. သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

  16. ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။

  17. မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။

  18. ခြေမရှိ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ် ဖြစ်၏။

  19. တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။

  20. ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။