Creeping Things အကြောင်း ကျမ်းစာအခန်းငယ်များ: A general term for animals
A general term for animals အကြောင်း အခန်းငယ်များ
အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။
သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊-
အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
အတောင်ရှိ၍ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊-
တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။
သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။