အကြောင်းအရာသို့ ကျော်သွားရန်

Creditors အကြောင်း ကျမ်းစာအခန်းငယ်များ: Often cruel in exacting debts

13 အခန်းငယ် · 21 ရှုထောင့်

Often cruel in exacting debts အကြောင်း အခန်းငယ်များ

  1. မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊

  2. တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။

  3. ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။

  4. မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။

  5. ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။

  6. သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။

  7. လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။

  8. ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။

  9. တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။

  10. အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။

  11. ထိုကျွန်သည်ထွက်သွားရာတွင် မိမိငွေဒေနာရိတရာကြွေးတင်သော ကျွန်ချင်းတယောက်ကိုတွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟုဆို၏။

  12. ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ပြပ်ဝပ်လျက် ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊

  13. ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ်မှီတိုင်အောင် သူ့ကိုထောင်ထဲမှာလှောင်ထား၏။