အကြောင်းအရာသို့ ကျော်သွားရန်

Church (2) အကြောင်း ကျမ်းစာအခန်းငယ်များ

158 အခန်းငယ် · 7 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊

  2. အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။

  3. သင်ရှိရာသို့ငါမြန်မြန်လာမည်ဟု မြော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ သင်သည် ဘုရားသခင်၏အိမ်ထောင်၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်၏။

  4. ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။

  5. သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊

  6. ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊

  7. ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။

  8. ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။