အကြောင်းအရာသို့ ကျော်သွားရန်

Calf အကြောင်း ကျမ်းစာအခန်းငယ်များ: Images of, set up in Beth-El and Dan by Jeroboam

6 အခန်းငယ် · 7 ရှုထောင့်

Images of, set up in Beth-El and Dan by Jeroboam အကြောင်း အခန်းငယ်များ

  1. သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊

  2. ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊

  3. ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။

  4. ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။

  5. ယုဒပြည်၌ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ၏။

  6. ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။