Skip to content

Backsliders အကြောင်း ကျမ်းစာအခန်းငယ်များ

196 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။

  2. သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။

  3. ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။

  4. ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။

  5. ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။

  6. ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။

  7. သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။

  8. စပျစ်ဥယျာဉ်တို့ကို စိုက်၍ ပြုစုသော်လည်း၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။

  9. သင့်နေရာအရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ။

  10. သားသမီးကို ဘွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။

  11. သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။

  12. သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။

  13. သူသည် သင့်အား ချေးငှားသောအခွင့်ရှိလိမ့် မည်။ သင်မူကား၊ သူ့အားချေးငှားသော အခွင့်မရှိရ။ သူသည် ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။

  14. သင်၏ဘုရားသခင် ထာဝရဘုရား ထားတော်မူ သော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍ မှီလျက် ရှိကြလိမ့်မည်။

  15. သင့်အပေါ်၌၎င်း၊ သင့်အမျိုးအနွယ်အပေါ်၌ ၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။

  16. သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊

  17. ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။

  18. ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊

  19. အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီး စွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော် မူမည်။

  20. သင်သည် မပျက်စီးမှီတိုင်အောင်၊ ထိုရန်သူ သည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ။

  21. သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။

  22. ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။

  23. သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊

  24. အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသား သမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိ ရင်ခွင်၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။

  25. သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်း ကျပ်စေသောအခါ၊