Afflictions အကြောင်း ကျမ်းစာအခန်းငယ်များ: God appoints
God appoints အကြောင်း အခန်းငယ်များ
အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန် သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော်၊
မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောက်ကုန်းပေါ်မှာ လေးသော ဝန်ကို တင်တော်မူပြီ။
မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း နားထောင်ကြလော့။