Access to God အကြောင်း ကျမ်းစာအခန်းငယ်များ: In Prayer
In Prayer အကြောင်း အခန်းငယ်များ
ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုးကြီး ခံရသနည်း။
သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။
လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့။