Access to God အကြောင်း ကျမ်းစာအခန်းငယ်များ: Saints earnestly seek
Saints earnestly seek အကြောင်း အခန်းငယ်များ
ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။
သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။
ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ် ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက်၍မျက်နှာပြရအံ့ နည်း။
အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား၊
ထာဝရဘုရား၏ တန်တိုင်းတော်တို့ကို အကျွန်ုပ် ၏ဝိညာဉ်သည် တသ၍ အားလျော့လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူ သော ဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။