Access to God အကြောင်း ကျမ်းစာအခန်းငယ်များ: Blessedness connected with
Blessedness connected with အကြောင်း အခန်းငယ်များ
အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။
တန်တိုင်းတော်အတွင်း၌ နေ၍၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှါ၊ ကိုယ်တော်ရွေးကောက် တော်မူသော သူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော်၌ ကောင်းသော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။
အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။