Abner အကြောင်း ကျမ်းစာအခန်းငယ်များ: Captain of the host
Captain of the host အကြောင်း အခန်းငယ်များ
မြောက်သားတော်ကား အဟိမတ်၏ သမီးအဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော် နေရသား အာဗနာတည်း။
ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှါ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏ သာဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော် ရှင်သည်အတိုင်း ကျွန်တော် မသိပါဟု လျှောက်လျှင်၊-
ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလု တပ်ချရာအရပ်သို့ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သား အာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ်အလယ်၌ အိပ်လျက်၊ တပ်သားတို့သည် ပတ်လည်၌ နေရာကျကြ၏။
အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊