အကြောင်းအရာသို့ ကျော်သွားရန်

Jether

4 အခန်းငယ် · 2 မိသားစုဝင်

အခြားအမည်: Ithra

Jether ကို ဖော်ပြသော အခန်းငယ်များ

  1. အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။

  2. ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ ၏ သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊

  3. သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည်။

  4. အဘိဂဲလသားကား အာမသ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း။