- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Jeroboam
Jeroboam ကို ဖော်ပြသော အခန်းငယ်များ
ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။
ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ သားတော်ယေ ရောဗောင်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံ ဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌ မင်းပြု၍ လေးဆယ် တနှစ်စိုးစံ၏။
ဣသရေလအမျိုး၏ နာမကို မိုဃ်းကောင်းကင် အောက်၌ မပျောက်စေမည်အကြောင်း ကြံတော်မူ၍၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော် မူ၏။
ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဘို့၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသ ရေလရှင်ဘုရင်တို့နှင့်အိပ်ပျော်၍ သားတော် ဇာခရိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
ဣသရေလရှင်ဘုရင်ယေရောဗောင် နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင်၊
ယုဒရှင်ဘုရင် ဩဇိနန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကိုစိုးစံ၏။
ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံ နှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။
ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊
ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
ဣဇာက်၏မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ၏။
ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။
ယေရောဗောင်သည် ထားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။