အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သော သူတို့၏ စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။

  2. သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက် တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရ ကြမည်။

  3. ကျွန်ခံနေရာအဲဂုတ္တပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထံတော်မှလွဲစေခြင်းငှာ၎င်း၊ သင်တို့၏ဘုရား သခင် ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဘို့ မှာထား တော်မူသောလမ်းမှ ထွက်စေခြင်းငှာ၎င်း ဟောပြော သောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။

  4. ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ် ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။

  5. အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊

  6. လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌ စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ ဘုရားသခင် ထာဝရဘုရားအဘို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တဖန် မတည် မဆောက်ရ။

  7. ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။

  8. ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ဘုရား သခင် ထာဝရဘုရား နှစ်သက်တော်မူဘွယ်ပြုသော အခါ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။

  9. သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ၏။ သေသောသူအတွက် အသားကို မခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ။

  10. သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအဘို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။

  11. အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ။

  12. သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။

  13. သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မသွားနိုင်လျှင်၊

  14. ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူ သော အရပ်သို့သွား၍၊

  15. စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။

  16. သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။

  17. လွှတ်ခြင်းတရား ဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည် ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။

  18. သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရ မည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည်။

  19. ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင် လော့။

  20. သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ။

  21. သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။

  22. သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။

  23. အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသော အခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါန ကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။

  24. သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်း ကြီးပေးတော်မူသည်အတိုင်း၊ သင်၏သိုးစု၊ ကောက်နယ် တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည်။

  25. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနှုတ်တော်မူကြောင်းကို၎င်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။