အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊

  2. ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊

  3. သူ့အပေါ်မှာ လက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ၏။

  4. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ ငါ၏ပူဇော်သက္ကာကို၎င်း၊

  5. ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာ အာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။

  6. တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။

  7. ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော် မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ အစဉ်အမြဲပြု ရသော မီးရှို့ရာယဇ်ဖြစ်သတည်း။

  8. သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။

  9. အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော် သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍ မီးဖြင့်ပူဇော်သော ယဇ်ကို ပြုရမည်။

  10. လဆန်းတရက်နေ့၌၊ အသက်ပျိုသော နွားထီး နှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

  11. သိုးသငယ်တကောင်အဘို့၊ ဆီရောသော မုန့်ညက်တဩ မဲစီတည်း ဟူသော ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်၍ မီးရှို့ရာ ယဇ်ကို ပြုရမည်။

  12. နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ အပြစ်ဖြေရာ ယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကို လည်း ပူဇော်ရမည်။

  13. ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။

  14. ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

  15. ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ်၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည်။

  16. ထိုမှတပါး၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော် သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီး နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

  17. ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည်။

  18. ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

  19. ထိုသို့ ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာ ယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာ ကို ပူဇော်ရမည်။

  20. ထိုနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

  21. ၎င်းလ တဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက် ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည်။

  22. ပဌမနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံး ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။

  23. ထိုနေ့၌ ထာဝရဘုရားဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြု သော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်ကို၎င်း၊

  24. ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။

  25. ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။