အကြောင်းအရာသို့ ကျော်သွားရန်
ဇေဖနိအနာဂတ္တိကျမ်း 1:7-13

ထာဝရဘုရား၏နေ့ နီးလာပြီ

ဇေဖနိအနာဂတ္တိကျမ်း 1:7-13
7
အရှင်ထာဝရဘုရား၏ရှေ့တော်၌ ငြိမ်သက်စွာ နေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရား သည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သော သူတို့ကို သန့်ရှင်းစေတော်မူပြီ။
8
ထာဝရဘုရားပွဲခံတော်မူသော နေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။
9
သူတပါး၏အိမ်တံခါးခုံကို ကျော်၍ အနိုင် အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူအပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။
10
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေး မြည်တမ်းသံကိုင်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက်သံကို၎င်း ကြားရ၏။
11
မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြ လော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ။
12
ထိုကာလ၌ ငါသည် မီးခွက်ကို ကိုင်၍ ယေရုရှ လင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကို လည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။
13
ထိုသူတို့၏ဥစ္စာကို သူတပါးလုယူ၍၊ သူတို့၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကို ဆောက်သောလည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည်ကို မသောက်ရကြ။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options