Skip to content
ဇာခရိအနာဂတ္တိကျမ်း 13:2-5

ဇာခရိအနာဂတ္တိကျမ်း 13:2-5

2
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန်အဘယ်သူမျှ မမှတ်မိစေခြင်း ငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ် သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း ပြည် တော်မှ နှင်ထုတ်မည်။
3
လူတစုံတယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဘွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကို အမှီပြု၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘ တို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။
4
ထိုကာလ၌ ပရောဖက်သည် ဟောပြောသော အခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတပါး ကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကို လည်း မဝတ်ရ။
5
အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ် သော သူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options