ရှောလမုန်သီချင်း 7:1-9
1
အိုမင်းသမီး၊ ခြေနင်းစီးလျက်၊ သင်၏ခြေတို့ သည် အလွန်တင့်တယ်ပါ၏။ သင်၏ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သောကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ၏။
2
သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။
3
သင်၏ရင်သားနှစ်ဘက်တို့သည် ဒရယ်သငယ် အမွှာနှင့် တူကြပါ၏။
4
လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။
5
သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။
6
ငါချစ်သောနှမ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
7
သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။
8
စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူသောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊
9
သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်း ဖြစ်၏။
Settings