Skip to content
ရောမဩဝါဒစာ 15:22-29

ပေါလု၏ ခရီးအစီအစဉ်နှင့် ယေရုရှလင်မြို့ရှိ သန့်ရှင်းသူများအတွက် ကောက်ခံခြင်း

ရောမဩဝါဒစာ 15:22-29
22
ထိုကြောင့် သင်တို့ရှိရာသို့ ငါလာရသော အခွင့် မရှိ။ အဆီးအတားများလှပြီ။
23
ယခုမူကား၊ ဤအရပ်တို့၌အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာ သို့သွားခြင်းငှါ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့်၊
24
စပါနိပြည်သို့ငါသွားသောအခါ၊ လမ်းခရီး၌ သင်တို့ကို တွေ့မြင်၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန်အရာအလို ပြည့်စုံပြီးမှ၊ ထိုပြည်သို့သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့်၏။
25
ယခုအခါသန့်ရှင်းသူတို့ကိုလုပ်ကျွေး၍၊ ယေရုရှလင်မြို့သို့ ငါသွားရမည်။
26
အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။
27
စေတနာစိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသား တို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။
28
ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာ ရှောက်၍ စပါနိပြည်သို့သွားမည်။
29
သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာ ပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options