ဆာလံကျမ်း 73:13-26
13
အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
14
နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။
15
ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။
16
ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။
17
နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။
18
အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။
19
တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
20
အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
21
ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ၍၊
22
မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
23
သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။
24
အကျွန်ုပ်ကို ဉာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
25
ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။
26
အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်